MNP - နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့က ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်နှင့် တန်ခိုးကြီး ဘုရားများ၌ ကုသိုလ်ပြုသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
မိုင်းယောင်းတွင် နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း မြို့၏သမိုင်းဝင် အထင်ကရနေရာများဖြစ်ကြသည့် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်၊ ဗောဓိရွှေညောင်ပင်၊ ကိုရင်ကြီးတောရကျောင်း၊ မဟာမြတ်မုနိဘုရား၊ တန်ခိုးကြီးဘုရားဆင်းတုတော်များ ကိန်းဝပ်စံပယ်ရာ ဟိုခုံဘုန်းကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ကျေးရွာဘုန်းကြီးကျောင်းများ၌ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ၊ ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်ဖူးမြော်ကြည်ညိုသူများဖြင့် အထူးစည်းကားခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment