အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ လှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ လှည့်လည်




MNP - နိုဝင်ဘာ   ၆


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည် ကျင်းပခဲ့သည်။


စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို မြို့တွင်းသို့ စီတန်းလှည့်လည်ရာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင်(၁၅)ပင်နှင့် လှူဖွယ်ဝတ္တုများ၊ သင်္ကန်းများဖြင့်  မြို့ပေါ်ရပ်ကွက်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။


စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် ရွှေအမ်းတောင်ခန်းမတွင် ကပ်ဒိတ်ကျေးရွာ ဘုန်းတော်ကြီးအား ကထိန်လျာသင်္ကန်းဆက် ကပ်ပြီး   ဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်းမှ သံဃာတော်များအား ပင့်ဖိတ်၍ ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)