ကျောက်ဖြူမြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့်တပ်ရင်းတပ်ဖွဲ့များစုပေါင်း၍ သန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့်တပ်ရင်းတပ်ဖွဲ့များစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်






MNP ၊  နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သန့်ရှင်းသာယာလှပစေရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ခရီးသွားပြည်သူများအဓိကအားထားရာ လေဆိပ်အဝင်နေရာမှ မြေစာရင်းမီးပွိုင့်လမ်းဆုံအထိ အဖွဲ့များခွဲကာ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်နေရာအသီးသီးရှိ ခြုံနွယ်ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအားသတ်မှတ်နေရာများသို့ပို့ဆောင်ပေးခြင်း၊ တံမြက်စည်းလှည်းခြင်း စသည့်စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။ 


ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။  အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များကို မြို့အင်္ဂါရပ်နှင့်အညီသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)