ကယားပြည်နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 




MNP - နိုဝင်ဘာ   ၃


ကယားပြည်နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တည်ဆောက်ရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်ရာတွင် အဆောက်အဦ၊ လမ်း၊ တံတားများ၏ အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်စံနှုန်းများပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလများတွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် အရည်အသွေး စိစစ်အကဲဖြတ်အဖွဲ့နှင့် တာဝန်ရှိသူအသီးသီးက စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းလိုအပ်ချက် အခက်အခဲများရှိပါက ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။


ထို့နောက် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်ဆန်းဝင်းက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက လုပ်ငန်းအလိုက်ဆောင်ရွက်နေမှုများ၊ တည်ဆောက်ရေးကုမ္ပဏီများက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။


ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ လွိုင်ကော်မြို့၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ၄ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာများ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ မြေထိန်းနံရံ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)