စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေး တက်ရောက်



MNP ၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေကြွေးကျန်များ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ ရေဦး၊ ရွှေဘို၊ ဟုမ္မလင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ရငွေရရှိမှသာ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲငွေများသုံးစွဲနိုင် မည်ဖြစ်သဖြင့် အခွန်ငွေများ တိုးတက်ကောက်ခံရရှိရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာန အချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြပြီး မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်သည် များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန် လိုအပ်ပါကြောင်း၊


အခွန်ငွေများကောက်ခံရာတွင် အခက်အခဲများ ရှိမည်ဖြစ်သော်လည်း ကြိုးပမ်းဆောင် ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ ကြိုးပမ်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိအမှတ်ပြုပါကြောင်း၊ ဌာနများအနေဖြင့် ကောက်ခံရန် သက်မှတ်ပေးထားသည့် လျာထားချက်များကို ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ ရသင့် ရထိုက်သောအခွန်ငွေများကို တိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းများမှ လွတ်ကင်းလျော့ နည်းမှုမရှိစေရန်နှင့် ပြည့်ပြည့်၀၀ကောက်ခံရရှိနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊


နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာ စွာဖြင့် ချေးထားသည့်ငွေများကို ပြန်လည်ပေးဆပ်နိုင်ရေးတို့အတွက် အလေးထားဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေကြွေးကျန်များ အပြည့်အဝကောက်ခံရရှိရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အဖက်ဖက်မှကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေကြွေး ကျန်များ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့် ဘက်ဂျက်နှစ် အလိုက် ကောက်ခံရန်ကျန်၊ ကောက်ခံရရှိမှုနှင့် ဆက်လက်ကောက်ခံသွားမည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးက မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦး ခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များ အတွင်းရှိ ခရိုင်/မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေကြွေးကျန်များ အပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက် တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)