မိုင်းယောင်းမြို့၌ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာ လှည့်လည် ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့၌ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာ လှည့်လည် ပူဇော်

 


MNP - နိုဝင်ဘာ   ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ သည့်  ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲ ကို ယမန်နေ့မွန်းလွဲပိုင်းတွင် မိုင်းယောင်းမြို့အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည် ပူဇော်ခံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့သည်။


ထို့သို့လှည့်လည်ပူဇော်ခံရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ထွေ/အုပ်နှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များလိုက်ပါ၍ မော်တော်ယာဉ် ၃၃ စီး ဖြင့် စုရပ်ဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတဆင့်  နှင်းဆီလမ်း၊ စံပယ်လမ်းနှင့် ဗလမင်းထင်လမ်းအတိုင်း ထေရဝါဒဗုဒ္ဓ သာသနာပြု(ဗဟို)ကျောင်းအထိ ပဒေသာပင်များအား လှည့်လည်ပူဇော်ခံပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းရှိ သာသနာ့ဗိမာန်တော်တွင် ပဒေသာပင်များအား ပူဇော်ခံထားရှိကြောင်းနှင့် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)