မိုင်းပျဉ်းမြို့ မိခင်နှင့်ကလေးမူကြိုကျောင်းမှ စုပေါင်းဘုံကထိန်လှူဒါန်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့ မိခင်နှင့်ကလေးမူကြိုကျောင်းမှ စုပေါင်းဘုံကထိန်လှူဒါန်းခြင်းဆောင်ရွက်



MNP - နိုဝင်ဘာ  ၁၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေးမူကြိုကျောင်း၏ စုပေါင်းဘုံကထိန်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မဟာသတိပဋ္ဌာန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ  လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေး မူကြိုကျောင်း၏ စုပေါင်းဘုံကထိန် လှူဒါန်းခြင်းတွင် ဆရာမများနှင့်သားသား၊ မီးမီးလေးများက မဟာသတိပဋ္ဌာန် ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အား သြဝါဒကန်တော့ကျိုးဖြင့် ညီညာစွာကန်တော့ကြပြီးနောက် ဆရာတော်မှ ငါးပါးသီလပြန်လည်ချီးမြှင့်ပေးတော်မူကာ ကထိန်ပဒေသာပင်အား စုပေါင်းလှူဒါန်းခဲ့ကြပါသည်။ ထို့နောက် မူကြိုကလေးငယ်များ ပျော်ရွှင်စေရန်ရည်ရွယ်၍ လေ့လာရေးအနေဖြင့် ဘုန်းကျောင်းအတွင်းရှိ စေတီပုထိုးများအား ဖူးမြှော်ကန်တော့စေခြင်း ကျောင်းဝင်းအတွင်း ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေးမူကြိုကျောင်းမှ သားသားမီးမီးလေးများအား ပြင်ပဗဟုသုတရရှိစေရန်အတွက်လည်း မကြာခဏ မြို့တွင်းသို့လေ့လာရေး ပို့ဆောင်ပေးခြင်းကို ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကလေးမိဘများပူးပေါင်း၍ ဆောင်ရွက်ပေးလေ့ရှိကြောင်းလည်း မူကြိုကျောင်းတာဝန်ရှိသူထံမှ သတင်းရရှိပါသည်။


သတင်း - နန်းသန္တာဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)