မင်္ဂလာဒုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ်



MNP - နိုဝင်ဘာ   ၂


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ မီးသတ်စခန်း၌ ယမန်နေ့နံနက်(၉)နာရီအချိန်က မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်လာစေရေး ရည်ရွယ်ချက်ဖြင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်ခိုင်က သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့်ယခုသင်တန်းသို့ တတ်ရောက်ရခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား အသေးစိပ်ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သင်တန်းသို့ မြို့နယ်အတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား ၅၀ ဦးတတ်ရောက်သင်ကြားကြမည်ဖြစ်ပြီး သင်တန်းတွင်အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးငြိမ်းသတ်ရေးဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်တို့ကိုစာတွေ့၊ လက်တွေ့ဖြင့် နိုဝင်ဘာ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင်စနစ်တကျ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မြတ်မွန်ခင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)