မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းဘူးမြို့ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းဘူးမြို့ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေး

 


MNP - နိုဝင်ဘာ   ၄


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ကို သက်သာသောဈေးနှုန်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ကားကြီးကွင်းအရှေ့၌ ဆန်တစ်ပြည်ကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


“ဆန်တစ်ပြည်ကို အပြင်မှာ ဆန်(ကောင်း/ညံ့) အမျိုးအစားအပေါ်မူတည်ပြီး အနိမ့်ဆုံး ငွေကျပ် ၁၈၀၀ ကနေ အများဆုံး ၃၀၀၀ ကျပ်နဲ့ အထက်မှာ ဝယ်စားရပါတယ်။ အခြေခံ လူတန်းစားအဖို့ကတော့ ဆန်ကောင်းကို ဈေးကြီးပေးပြီး ဝယ်မစားနိုင်သလို၊ ဆန်အိတ်လိုက်လည်း ဝယ်မစားနိုင်ပါဘူး။ သင့်တင့်တဲ့ဆန်ကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတာ ဝယ်ယူရတဲ့သူတွေ အနေနဲ့အဆင်ပြေတော့ အခုလိုလေး မကြာခဏ ရောင်းချပေးစေချင်ပါတယ်” ဟု မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်မှ ဆန်လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။


ထိုသို့ရောင်းချရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ကြီးကြပ်မှုဖြင့် ရတနာတိုးဆန် အမျိုးအစားကို ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရောင်းချခဲ့ပြီး နံနက်ပိုင်းအတွင်း ဆန်အိတ်ပေါင်း အလုံး ၂၀ ကို ရောင်းချပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)