မိုင်းပန်မြို့နယ်၌ အထက်တန်း/အလယ်တန်း/မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်၌ အထက်တန်း/အလယ်တန်း/မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 



MNP - နိုဝင်ဘာ   ၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ စီမံခန့်ခွဲမှုစွမ်းဆောင် ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက စတင်၍ မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နေပြည်တော်သို့ သင်တန်းတက်ရောက်လာသော မြို့နယ်ပညာရေးမှူးဦးဖုန်းမောင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများ နှင့် အခြေခံပညာဦးစီးဌာန၏စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းစာရင်း အင်းလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများစုစုပေါင်း(၅၀)ဦးကို သင်ကြားပေးလျက်ရှိပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ လ (၈)ရက်နှင့် (၉)ရက်နေ့ (၂)ရက်တာ နံနက်၉နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်ပညာရေးမှူးမှ ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)