(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

 





MNP - နိုဝင်ဘာ   ၁


(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ကျင်းပသည်။


ရှေးဦးစွာ စာအုပ်ပြပွဲတွင် မြန်မာနိုင်ငံ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းဆိုင်ရာစာပေများ၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ပြောင်းလဲမှုဆိုင်ရာစာအုပ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ စာအုပ်စာစောင်များ၊ လွတ်လပ်ရေးနှင့် နိုင်ငံ့အချုပ်အချာအာဏာ ထိန်းသိမ်းကာကွယ်မှုဆိုင်ရာစာပေများနှင့် အခြားသုတ/ရသစာပေစာအုပ်များအား ခင်းကျင်းပြသထားပြီး စာအုပ်ပြပွဲသို့လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ကျောင်းသားလူငယ်များ စာဖတ်ခြင်းအလေ့ထ ရှင်သန်ထက်မြက်လာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့်၊ အတွေ့အကြုံနှင့် လေ့ကျင်မှုများ ရရှိစေရန်၊ စာဖတ်စွမ်းရည်များတိုးတက်မြင့်မားလာစေရန်၊ မိမိကိုယ်ကိုရှုမြင်သုံးသပ်မှ ဉာဏ်ရည်အားကောင်းလာစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရှာမှီးတတ်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတပ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ပြုလုပ်ကျင်းပပေးခဲ့ကြကြောင်းလည်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)