ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်




MNP - နိုဝင်ဘာ ၂၆


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီဟုလည်း သိရှိရပါကြောင်း၊ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယခုအစည်းအဝေးတွင် ရှင်းလင်းပြဆွေးနွေး ပေးကြစေလိုကြောင်း၊ ဦးစီးကော်မတီများမှလည်း တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ယခုနှစ် ရခိုင်ပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့ပေါ်တွင် ဌာနဆိုင်ရာများမှ ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဖွင့်ပွဲ အခမ်းအနားများ၊ ရခိုင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများမှ ဒေသထွက်ကုန်၊ ထုတ်ကုန်များကို ပြပွဲခင်းကျင်းပြသခြင်းနှင့် ဈေးရောင်းပွဲကျင်းပခြင်းတို့ကို ပြုလုပ်နိုင်ရေးစီစဉ် ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်း များတွင် တစ်နှစ်တာကာလအတွင်း စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ဆောင်ရွက်ပါကပိုမိုသင့် တော်မည်ဖြစ်ကြောင်း၊ ယခင်နှစ်များကလည်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို အနှစ်သာရရှိရှိ ဆောင်ရွက်ခဲ့မှုသာဓကများကို ပြန်လည်သုံးသပ်ပြီး ယခုနှစ် ရခိုင်ပြည်နယ်နေ့ ကို  စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်နိုင်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ပူးပေါင်းဆောင်ရွက် ပေးကြစေလို ကြောင်း ပြောကြားသည်။


ထို့နောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ရှင်းလင်းတင်ပြကြပြီး (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ လျာထားဆောင်ရွက်မည့် အစီအစဉ်(မူကြမ်း)များအား အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ဆွေးနွေးတင်ပြသည်။


တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)