တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးများနှင့် ကွင်းဆက်တရားခံများအား ထပ်မံဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးများနှင့် ကွင်းဆက်တရားခံများအား ထပ်မံဖမ်းဆီးရမိ




MNP ၊ နိုဝင်ဘာ ၉

နိုဝင်ဘာလ ၈ ရက်နေ့ ၁၁ ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ  သက်သေများနှင့်အတူ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေတောင်ကြားလမ်းသွယ် (၂)နေ ရဲမင်းခန့်(ခ)စေတန် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၅၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇.၅ သိန်း)၊ ဘိန်းဖြူအလေးချိန် ၄၅ ဂရမ်(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆.၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အလားတူ ယင်းနေ့ ၁၇ ၀၀ အချိန် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့၊ စဝ်စံထွန်း ရပ်ကွက်၊ နယ်မြေ(၁)တွင် တင့်ဇော်ဦး စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ၁၇ ၄၅ အချိန် ၎င်းနေထိုင်သည့် စဝ်စံထွန်းရပ်ကွက်၊ နယ်မြေ(၇)ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မယဉ်ယဉ်သော်(ခ)အငယ်လေး အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၉၃၀ အချိန် စိုင်းဆမ်(ခ)ကိုစိုင်း အား ၎င်းနေထိုင်သည့် တောင်ကြီးမြို့၊ ကန့်ရှေ့ရပ်ကွက်၊ နယ်မြေ(၄)၊ ချင်းတွင်းလမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းဝင်း၊ ကျော်ဖေ တို့အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၄၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်း၍ ရဲမင်းခန့်(ခ)စေတန်(၂၁)နှစ်၊ တင့်ဇော်ဦး(၄၀)နှစ်၊ မယဉ်ယဉ်သော်(ခ)အငယ်လေး(၃၉)နှစ်၊ စိုင်းဆမ်(ခ)ကိုစိုင်း(၃၈)နှစ်၊ စိုင်းဝင်း(၄၅)နှစ်နှင့် ကျော်ဖေ(၄၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)