မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးသို့ တက်ရောက်




MNP ၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း နာယက မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants - MICPA)၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးသို့ တက်ရောက်သည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာတွင် စာရင်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီသည့်  စာရင်းပညာရှင်များပေါ်ထွန်းလာရေး၊ စာရင်းပညာရှင်အရေအတွက် တိုးတက်စေရေး၊  ကျင့်ဝတ်သိက္ခာလိုက်နာစောင့်ထိန်းစေရေးနှင့် စာရင်းပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် မြန်မာနိုင်ငံစာရင်းကောင်စီ၏ စိစစ်ကြီးကြပ်မှုဖြင့် MICPA အသင်း၏ဆောင်ရွက်မှုများသည် ပုဂ္ဂလိကကဏ္ဍအတွက် များစွာအရေးပါပါကြောင်း။


သို့ပါ၍ နိုင်ငံတကာအဆင့်မီ စာရင်းပညာရှင်အရေအတွက် တိုးပွားစေရေးနှင့် စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် MICPA အသင်းအနေဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီ၏ ကြီးကြပ်မှုဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။


ယင်းနောက် အစည်းအဝေးသဘာပတိ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း နာယက ဦးသိန်းမြင့်နှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာစကားပြောကြားကြသည်။


ထို့နောက် ဘုတ်အဖွဲ့၏ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်များအတွက် နှစ်ပတ်လည် အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြ အတည်ပြုခြင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ခန့်အပ်အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်သည်။


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်း ဘုတ်အဖွဲ့ဝင် ၂၀ က လူကိုယ်တိုင်တက်ရောက်ပြီး အသင်းဝင် ၂၂၅ ဦး က Zoom Online မှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)