မိုးကုတ်မြို့နယ်၌ ဒေသဖွံဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျောက်နဂါး ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်၌ ဒေသဖွံဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျောက်နဂါး ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်



MNP - နိုဝင်ဘာ   ၄

  

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့နံနက်( ၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြင့်ကျော် ဦးဆောင်၍ ဋ္ဌာနဆိုင်ရာ (၃၅)ဦး ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း ပူးပေါင်းအဖွဲ့သည် မိုးကုတ်ဒေသပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရန်အတွက် သဒွတ်သျှိုကျေးရွာအုပ်စု၊ ကျောက်နဂါးကျေးရွာသို့ နယ်မြေကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ  စစ်ကြောင်းကြီး( ၅ )ဖြစ်သည့် ဋ္ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဟောပြောဆွေးနွေးခြင်း၊ ပြည်သူများ၏ လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်ဆေး ထိုးနှံပေးခြင်း၊  လျှပ်စစ်မီတာပေးဆောင်ရေး ဟောပြောခြင်း၊  လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ၊ မြေစာရင်းပုံစံ ၁၀၅/၁၀၆ ရေးဆွဲရေး၊ မြေလွတ်မြေရိုင်း ကိစ္စများ ဆွေးနွေးခြင်း၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားထုတ်ပေးခြင်း၊ တိရစ္ဆာန် အသိပညာပေးဟောပြောခြင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရေး၊ စိုက်ပျိုးရေးပိုးမွှားအန္တရာယ် ကာကွယ်ရေးအကြောင်း ဆွေးနွေးခြင်း၊မျိုးစေ့ထုတ်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ကိစ္စရပ်များ၊ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆွေးနွေး ဟောပြောခဲ့ပြီး  ဒေသခံပြည်သူ (၆၇)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


သတင်း - နန်းခွာညိုနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)