ပုဏ္ဏားကျွန်းမြို့၌ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများအား မြေယာလျော်ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများအား မြေယာလျော်ကြေးပေးအပ်






MNP ၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းပိုင်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများအား မြေယာလျော်ကြေးပေးအပ်ခြင်းကို ယမန်နေ့၊ နေ့လည် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါလျော်ကြေးငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြန်မာ့မီးရထား (စစ်တွေ)ရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်မြေယာလျော်ကြေးငွေ လက်ခံရယူမည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဉက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမောင်စံဝင်းက အမှာစကားပြောကြားပြီး၊   မြန်မာ့မီးရထား(စစ်တွေ)ရုံးမှ စီမံကိန်းအင်ဂျင်နီယာ ဦးနေဝင်းက မြေယာလျော်ကြေးပေးအပ်ခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကာ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ(၅၄)ဦးပိုင် မြေဧက(၅၀.၅၅)ဧကအတွက် မြေလျော်ကြေး(၁၂၆၆၂၅၀၀ဝိ/)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ကန့်ကွက်ခံရသူ တောင်သူ(၂)ဦး၊ မြေဧရိယာအငြင်းပွားတောင်သူ(၄)ဦး၊ လာရောက် ထုတ်ယူခြင်းမရှိသည့် တောင်သူ(၃)ဦးတို့၏ မြေဧက(၁၀.၇၁)ဧကအတွက် လျော်ကြေးဆက်လက်ထုတ်ပေးနိုင်ရေး လယ်ယာမြေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး၊ လျော်ကြေးငွေ လာရောက်ထုတ်ယူခြင်းမရှိသည့် တောင်သူများအား ထပ်မံဖိတ်ခေါ်၍ လျော်ကြေးငွေများ ပေးအပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)