ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - နိုဝင်ဘာ ၂


ပြည်သူများကို လက်ရှိဖြစ်ပေါ်နေသော အခြေနေမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းတို့က ရပ်ကွက်နေဒေသခံပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမား မိသားစုများနှင့်တွေ့ဆုံ၍ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အတွင်း ပြည်သူ့လုံခြုံရေးကိစ္စများဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မှုခင်းကျဆင်းရေး၊ လျှပ်စစ်မီးအန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ရာသီအလိုက်ဖြစ်တတ်သောရောဂါများမှ ကာကွယ်နိုင်ရေး၊ ရပ်ကွက်သန့်ရှင်း သာယာလှပစေရေး၊ လမ်းတံတားများပြုပြင်မွမ်းမံနိုင်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ ပြည်သူများမဲပေးပိုင်ခွင့်ရှိရေးစသည့် ကိစ္စရပ်များအား နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားပေးသည်။


ထို့နောက်လိုက်ပါလာကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှု့တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ လူမှုဝန်ထမ်းဌာန၊ မြို့နယ်ပညာရေးဌာန၊ လျှပ်စစ်ဌာန၊ ကော်မရှင်၊ မီးသတ်နှင့် ကျန်းမာရေးဌာနတို့မှ ဌာနအလိုက်ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီးချပြ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် မိဘပြည်သူများမှ သိရှိလိုသည်များ၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်၊ လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)