လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ



MNP - နိုဝင်ဘာ   ၁၂


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ (Rs to Cs) ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒိုင်းပြကျေးရွာ ဦးတာပို လယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါစံကွက်ရိတ်သိမ်းပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက ဆင်းသုခစပါးမျိုး စိုက်ပျိုးခြင်းဖြင့် ဈေးကောင်းရရှိခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်း၊ မျိုးစေ့အောင်ခြင်း၊ပိုးကျခြင်း၊ မျိုးစေ့အလေးချိန် ချိန်ခြင်း၊  နောက်နှစ်တွင် ပြန်လည်စိုက်ပျိုးနိုင်သည့် မျိုးစေ့များအကြောင်းတို့ကို အသိပညာပေးရှင်းလင်းခဲ့ပြီး စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သိန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက ဦးတာပို၏ လယ်မြေဧက(၅)ဧကအတွင်း၌ စံပြရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစို(၉၂ ဒဿမ ၁၀)တင်း ထွက်ရှိကြောင်း၊ ဒိုင်းပြကျေးရွာတွင် ဦးပေါ်လင်၊ဦးတာပို၊ ဦးထွန်းတ၊ ဦးအောင်ထွန်းလုံ၊ ဦးဖိုးဒူ၊ ဦးကြည်ဝင်းတို့ ပိုင်ဆိုင်သော လယ်ဧက(၂၅)ဧကတွင် ဆင်းသုခစပါးမျိုး စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)