မိုးကုတ်မြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများပြုလုပ်



MNP - နိုဝင်ဘာ   ၁၅


မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယနေ့နံနက်(၈)နာရီအချိန်က အောင်နန်းရပ်ရှိ မြို့နယ်အားကစားကွင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအထက်နှင့် မူလတန်းအဆင့်  ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများနှင့်  ပျော်ရွှင်ပွဲများအား မြို့နယ်ပညာရေးဦးစီးဌာနမှ ဦးစီးပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြင့် အမျိုးသားအောင်ပွဲနေ့ကို ကလေးများ သိရှိစေရန်နှင့် ကျန်းမာပျော်ရွှင်၍ ဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကလေးများအတွက် ပြုလုပ်ခဲ့ရာ မူလတန်းအထက်အဆင့် ကျား/မ မီတာ(၁၀၀)နှင့်(၂၀၀)အပြေးပြိုင်ပွဲ၊ မူလတန်းအဆင့် ကျားအိတ်စွပ်ပြိုင်ပွဲ၊ မ သံပရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ မ အာလူးကောက်ပြိုင်ပွဲ၊ ကျားပူစီဖောင်း ဖဖောက်ပြိုင်ပွဲ၊ ကျား/မ မုန့်စားပြိုင်ပွဲများကို ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးဆုများကို အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။


သတင်း - နန်းခွာညိုနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)