အမ်းမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်







အမ်း၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းပတ်ဝန်းကျင် ၌ စုပေါင်းသန့်ရှင်း‌ ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပပြီး ကျောင်းသားကျောင်း သူများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်စေရန် အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများ၊ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာဥက္ကဌနှင့် အသင်းဝင် များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူများ စုပေါင်း ပါဝင်၍   ကျောင်းပတ်ဝန်းကျင်၌ ပေါင်းမြစ်ပင်များ၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်း လင်းဆောင်ရွက်ကြကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)