ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ  ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေးသင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် ဟိုပုံးမြို့နယ် ကျေးလက်ဒေသအတွင်းရှိ ကျေးလက်နေဒေသခံ စိုက်ပျိုးရေး တောင်သူများ၏ သီးနှံများ(၁ ဧက)အထွက်နှုန်းမြင့်မားရေးနှင့် အရေအသွေးတိုးတက်ကောင်းမွန်ရေး၊ မွေးမြူရေး တောင်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြင့်မားရေးလုပ်ငန်းများကို ခေတ်မှီနည်းစနစ် တကျစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအဖြစ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်က စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေးသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းမှ စိုက်ပျိုးရေး၊ မွေးမြူရေးချေးငွေများနှင့် ပတ်သက်သည်များရှင်းလင်းပြောကြားရာ ဒေသခံ ပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် လိုအပ်သည်များကို ပြန်လည်ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး ဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ(၉)ရက်နေ့မှ နိုဝင်ဘာလ (၁၅)ရက် နေ့အထိ ဖွင့်လှစ်ပေးသွားသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)