ဖြူးမြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ



MNP - နိုဝင်ဘာ   ၃


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ဖြူးအရှေ့ကျေးရွာအုပ်စု၊ ဦးပုကုန်းဘုန်းတော်ကြီးကျောင်းတွင်  ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍  အခမ်းအနားအား ဖွင့်လှစ်သည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက  မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ကထိန်တရားတော်မြတ်ကိုနာကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္တုနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစု တို့အတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် နဝကမ္မဝတ္ထုငွေ (၄၀၅၀၀၀) ကျပ်၊ ပဒေသာပင် (၂၂) ပင်အတွက် ပစ္စည်းတန်ဖိုး (၃၄၁၃၇၅၀) ကျပ်၊ ငွေသားတန်ဖိုး (၆၈၆၄၂၀၀) ကျပ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)