ရမ်းဗြဲမြို့နယ်၌ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ








MNP ၊ နိုဝင်ဘာ  ၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီများညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ ကျင်းပကြသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းက  အဖွင့်အမှာစကားပြောကြားသည်။  ဆက်လက်၍  ရမ်းဗြဲမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဦးမြင့်ရွှေမှလည်း ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မိမိတို့၏ဌာနမှ ဆောင်ရွက်ပေးနေမှုများကိုရှင်းလင်းပြောကြားသည်။  ယင်းနောက် ကော်မတီဝင်ဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားရေး၊ ကျန်းမာရေး၊ ပညာရေး ၊ ပြန်/ဆက်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စသည့်ကော်မတီဝင်များမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်း ညှိနှိုင်းဆွေးနွေးကြသည်။


အဆိုပါ အခမ်းအနားကို လုပ်ငန်းကော်မတီဝင်ဌာနဆိုင်ရာများနှင့် ကော်မတီအဖွဲ့ဝင်လူမှုရေးအသင်အဖွဲ့များလည်းတက်ရောက်ခဲ့ကြပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးကော်မတီဝင်များမှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)