ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်



MNP - နိုဝင်ဘာ  ၁၃

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု၊ ကွန်တိုင်တောင်ကွင်း၌ ကျင်းပပြုလုပ်သည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးဌာနမှူး ဦးအောင်နှင်းထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးမောင်မောင်ညီ နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသည့် တောင်သူများတက်ရောက်ခဲ့ကြပြီး ရိတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ကြရာ ကွန်တိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၃၂-C)၊ ကွန်တိုင်တောင်ကွင်း၊ ဦးပိုင်အမှတ်(၇/၉) တောင်သူဦး အဘူကာလင်၏ စိုက်ပျိုးထားသော မနော်ဟာရီအထွက် ကောင်းမျိုးအား (၁) ဧက၏ ကိုယ်စားပြုစံကွက်ငယ်(၁/၁၀၀၀)ဧက ကိုရိတ်သိမ်းခဲ့ရာ မနော်ဟာရီအစို အထွက် (၈၀.၇၉)တင်း၊ အခြောက်(၇၂.၁၇)တင်းထွက်ရှိကြောင်း သိရသည်။


မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုသည့်သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်း များကို ကောက်ယူပြုစုထုတ်ပြန် ပေးလျက်ရှိပြီးသီးနှံများ၏ စိုက်ဧက၊ရိတ်သိမ်းဧက မှန်ကန်ရေးဆောင်ရွက်ရသည့် အပြင်သီးနှံထုတ်လုပ်မှု စာရင်းမှန်ကန်မှ ရှိစေရေးအထွက် အရေးကြီးသီးနှံ၏ ပျမ်းမျှအထွက်နှုန်းရရှိစေရန် စံကွက်ရိတ်သိမ်းခြင်း နည်းလမ်းများကို အသုံးပြု၍ တွက်ချက် ထုတ်ပြန်လျက်ရှိကြောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမြို့နယ် ဦးစီးဌာနမှူး ဦးအောင်နှင်းထွေးထံမှ သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)