ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ(၃)ရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည် ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်း ချပြရှင်းလင်းခြင်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ(၃)ရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည် ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်း ချပြရှင်းလင်းခြင်း ကွင်းဆင်းဆောင်ရွက်



MNP - နိုဝင်ဘာ   ၁၃


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအသားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ စီးပွားရေးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်း ချပြရှင်းလင်းခြင်းကို ယမန်နေ့က (စိုက်ပျိုးရေး၊ မွေး/ကု၊ ကျေး/လက်) ဦးစီးဌာနမှ တာဝန်ရှိသူများသည် (ကမာကေး၊ ခရိုက်ဒူး၊ ခရိုက်နှိးဟု) ကျေးရွာများသို့ ကွင်းဆင်းခဲ့ကြသည်။


တာဝန်ရှိသူများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေ ထုတ်ချေးပေးနိုင်ရေးနှင့် ပတ် သက်၍ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အသားငါးထုတ်လုပ်မှု၊ စက်မှုလက်မှုလုပ်ငန်း စသည့် စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေစွာ လုပ်ကိုင်ထုတ်လုပ်နိုင်ရေး၊ ထောက်ပံ့ငွေ ထုတ်ချေးမည့် အခြေအနေများကို အသေးစိတ်ချပြရှင်းလင်းခြင်း၊ ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီဖွဲ့စည်းရေးနှင့် ပတ်သက်၍ လည်းကောင်းဆွေးနွေးပြီး ကျေးရွာပြည်သူများ၏ အဆိုပြု တင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့် ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့ကြောင်းနှင့် ကော်မတီဖွဲ့စည်းကွင်း ဆင်းခြင်းကို နိုဝင်ဘာ(၉) ရက်နေ့မှ (၁၂)ရက်နေ့ အထိ ကျေးရွာ(၁၁)ရွာအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်မည့် ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)