အလှူငွေမရလို့ နှုတ်ဆိတ်နေကြပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလှူငွေမရလို့ နှုတ်ဆိတ်နေကြပြီလား



အခုတလော CRPH, NUG အကြမ်းဖက်အဖွဲ့များက ပြည်ပြေးတွေတော့ ငြိမ်ချမ်သားကောင်းနေသားဗျ။ မင်းကိုနိုင်၊ ဇော်ဝေစိုး တို့ရဲ့ လေတစ်လုံး မိုးတစ်လုံး လှုံ့ဆော်မှုတွေတောင် မတွေ့ရတာကြာပေါ့။ ဒါနဲ့ ဒီကြားထဲမှာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လုပ်ရပ်တွေကို ငွေကြေးရှာဖွေ ထောက်ပံ့ပေးနေတဲ့ ဝရမ်းပြေး အပျံမ နဲ့ စင်္ကာပူကြက်မကြီး အိုင်းရင်းတို့ရဲ့ ရန်ပွဲကတော့ ပွဲကြီးပွဲကောင်းဗျို့။ သွေးရူးသွေးတမ်းနဲ့ ခွေးရူးကြီးတစ်ကောင်လို အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ခဲ့တဲ့ မျိုးရန်နောင်သိန်းလို ကောင်မျိုးတောင် နှုတ်ဆိတ်နေတယ်ဆိုတော့ နိုင်ငံတကာ အထောက်အပံ့တွေ ခေတ္တ ပြတ်တောက်သွားလို့ပဲလား၊ အလှူငွေ လိုသလောက် မရတော့လို့ အိမ်သာဆေး၊ အိုက်တိုးပဂေးစံ၊ ဆူရှီလိပ် ဘဝဝမ်းရေးအတွက် ရုန်းကန်နေကြရလို့ပဲလား။ စဉ်းစားမိတာပေါ့လေ။

နောက်တစ်ချက် သောက်ရှက်ကွဲရတာက Global Townhall 2022 မှာ အမှာစကားပြောကြားမယ်ဆိုတဲ့ NUG အကြမ်းဖက်အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးလို့ သတ်မှတ်ထားတဲ့ ဇင်မာအောင် ခမျာမှာလည်း ပေါက်ရက ပေါက်ပန်းစေတွေ စီကာပတ်ကုံးရေးပြီး ဗွီဒီယိုအမှာစကား ပေးပို့ထားတာက လူရာသွင်းမခံရဘူး။ အခမ်းအနားတက်ရောက်ဖို့ သွားတဲ့ ဇင်မာအောင်ရဲ့ လက်ထောက် မိုးဇော်ဦး ခမျာမှာလည်း အခမ်းအနားထဲ ဝင်ခွင့်မရဘဲ အခန်းငယ်တစ်ခုမှာ သီးခြားထိုင်ခိုင်းထားခြင်း ခံရပြီး မကျေမနပ်နဲ့ ပြန်ခဲ့ရသတဲ့လေဗျာ။

ပြည်ဖျက်မီဒီယာတွေက အကြမ်းဖက်အားပေး အမေရိကန်နိုင်ငံမှာ NUG အကြမ်းဖက်အဖွဲ့ ရုံးခန်းဖွင့်နိုင်ပြီဆိုတဲ့ အခါကြတော့ ဝမ်းသာအားရ ဖော်ပြကြသဗျ။ ဒါနဲ့ လေ့လာစုံစမ်းသူတွေကလည်း လေ့လာစုံးစမ်းပြီး ဖော်ထုတ်တင်ပြကြပါလေရော။ NUG အကြမ်းဖက်အဖွဲ့ ရုံးခန်းဖွင့်တဲ့နေရာဟာ ကမ္ဘာအရပ်ရပ်က တိုင်းဖျက် ပြည်ဖျက် တွေ စုဝေးရာနေရာပါတဲ့ဗျာ။ ဒီလို နေရာမျိုးမှာ မြန်မာပြည်ကို ပျက်စီးရာပျက်စီးကြောင်း နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်လျက်ရှိတဲ့ NUG အကြမ်းဖက်အဖွဲ့လည်း သွားရောက်အခြေချ နေထိုင်လေသတည်းပေါ့ဗျာ။ ဒါနဲ့ အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက သူတို့အစီအစဉ်နဲ့ သူတို့ ရုံးခန်းဖွင့်ခြင်းသာ ဖြစ်ပြီး NUG ကို တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း ပြောဆိုပြန်ပါရောလားဗျာ။

အော် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေ လုပ်လိုက်တဲ့ အလုပ်တွေကတော့ ကြီးကျယ်ပါပေ့။ ဒါပေမယ့် သူတို့လုပ်တဲ့ အလုပ်မှန်သမျှက ပြည်သူကို ကောင်းကျိုးမပြုဘဲ သေကြောင်းကြံနေတဲ့ အလုပ်တွေဖြစ်နေတာကိုတော့ နည်းနည်းလေးမှ ဝန်မခံကြဘူး။

အကြောင်းအရာက ဟိုရောက်ဒီရောက်နဲ့ အဓိက ပြောချင်တဲ့ အကြောင်းအရာ ကျန်ခဲ့တော့မလို့။ ပြည်ပြေး ဝရမ်းပြေး အပျံမ နဲ့ စင်္ကာပူကြက်မကြီး အိုင်းရင်းတို့ ရန်ဖြစ်ပုံအကြောင်းက ဒီလိုဗျ။ ပြည်ဖျက်မီဒီယာတစ်ခု က ပညာသားပါပါ တွယ်လိုက်တဲ့ အမေညုရဲ့ ပြောကြားချက်ဗျ။ နိုင်ငံရေးကို ခုတုန်းလုပ်၊ အမေညုကို ခုတုန်းလုပ်ပြီး လုပ်စားနေတဲ့ သတ္တဝါတွေကို တော်ရုံတန်ရုံ ပြောဆိုဖျောင်းဖျလို့ မရဘူးလေ။ လုပ်စားတာတွေကလည်း လွန်လာတဲ့အခါကြတော့ အမေညုပြောပါတယ်လို့ ညှောင့်ပေးလိုက်တော့ ပွဲဖြစ်ကုန်တော့တာပေါ့။ အမေညု က ပြောပါသတဲ့ သူ့သားကို နိုင်ငံရေးထဲ ပါဝင်ဆောင်ရွက်ခြင်း မပြုဖို့၊ CEC အစုံအလင် မဟုတ်ဘဲ ဆုံးဖြတ်ချက် မချဖို့ပေါ့ဗျာ။

ဖြစ်ချင်တော့ အမေညု သားကလည်း သူ့ပန်းချီကားတွေ၊ သူ့လက်မှတ်တွေနဲ့ ရန်ပုံငွေရှာဖွေခွင့် ပေးထားသတဲ့။ တတ်သိလိမ္မာရှိတဲ့ အမေညုသားက သူ့လုပ်ဆောင်ချက်ကြောင့် သူ့အမေကို ထိခိုက်မှာတော့ စိုးရိမ်တတ်သားပဲ။ အပျံမ နဲ့ အိုင်းရင်း ရန်ပုံငွေရှာဖွေခွင့်ပေးရာမှာ လက်နက်၊ ကျည်ဆံဝယ်ဖို့ မဟုတ်ဘဲ စစ်ဘေးရှောင်များ ကူညီထောက်ပံ့ဖို့ ခေါင်းစဉ်နဲ့ သူ့ပန်းချီ၊ သူ့အသုံးအဆောင်ပစ္စည်း လေလံတင်ခိုင်းသတဲ့ဗျာ။ ရတော့ ရတယ်ဗျ။ ရတဲ့ပမာဏကလည်း အတော်ကွာဟ နေတယ်။ ပြည်ပြေး ဝရမ်းပြေး အပျံမ လေလံတင်လိုက်တာက ဒေါ်လာသန်းချီ ရပြီး စင်္ကာပူကြက်မကြီး လေလံတင်တာက သောင်းဂဏန်းပဲ ရသတဲ့။ အဲဒီလို ကွာခြားချက်ကို မြင်တတ်တဲ့ သူကလည်း မြင်ကြောင်း အပျံမတော်ကြောင်း၊ စင်္ကာပူကြက်မကြီး လေပြောသန်သလောက် ငွေမရှာနိုင်ကြောင်း ပေါက်ပေါက်ဖောက်ပါလေဗျာ။

အဲဒီမှာ စင်္ကာပူကြက်မကြီးလည်း ဒေါပွပါလေရော။ စင်္ကာပူကြက်မကြီးကတော့ တိုးတိုးတိတ်တိတ် ဆွေးနွေးချင်တဲ့သဘော။ အမေညုပြောစကားကတော့ မီဒီယာကနေ တက်လာပြီ ဘာညာ ဆွေးနွေးပြောဆိုလိုတဲ့သဘောနဲ့ ပြည်ပြေး ဝရမ်းပြေး အပျံမ ကို messenger က နေ သွားပြောသတဲ့။ အပျံမ က နဂိုကတည်းက ထောင်လွှား မောက်မာ ရိုင်းစိုင်းတဲ့ မိန်းမဆိုတော့ သူ့ကို ဆက်သွယ်ရကောင်းလားဆိုပြီး မျက်နှာထိ မျက်နထားနဲ့ စင်္ကာပူကြက်မကြီးကို Live လွှင့်ပြီး တွယ်ပါလေရော။ စင်္ကာပူကြက်မကြီးကလည်း ငြိမ်ခံနေမယ့် မိန်းမမျိုးမ မဟုတ်ဘဲ။ သူကလည်း Live လွှင့်ပြီး သူ့နာမည်ကို နောက်နောက် မသုံးစွဲပါနဲ့လို့ ပြောပါလေရော။ အပျံမ က ဘယ်ခံနေလိမ့်မလဲ။ နေက်တစ်ခါ Live လွှင့်ပြီး တွယ်ပြန်လေရော။

CRPH, NUG, PDF အတွက် အဓိက ထောက်ပို့နှစ်ဦး အပြန်အလှန် ချနေကြတာ။  ပြောတော့ NUG က အစိုးရဆို။ ဒီ မိန်းမနှစ်ယောက်ရဲ့ ထမီနားကို ခိုစားနေကြရတဲ့အတိုင်းပဲ။ ဘယ်သူ့ ဘယ်သူကိုမှ မပြောဝံ့ကြဘူး။ အပျံမဘက်က လိုက်ပြောမိလို့ စင်္ကာပူကြက်မကြီးက ငွေရှာမပေးတော့ရင်၊ စင်္ကာပူကြက်မကြီးဘက်က အကာအကွယ်ပေးမိလို့ အပျံမလေး စိတ်ကောက်သွားရင် ငတ်မယ့်ကိန်း ထင်ပ။

ဒီလိုဖြစ်နေတာကို မရှုစိမ့်သူက ဒေါ်ရိုစီ။ ကောင်မတွေ ဒီလို ဖြစ်နေတော့ ပြည်သူ့ဘက်တော်သား ဒေါ်ရိုစီ ဘယ်နေလိမ့်မလဲ။ အပျံမ လူနဲ့ မလိုက်အောင် ရိုင်းစိုင်းပုံကို ဝင်ပြောရပြီပေါ့။ စင်္ကာပူကြက်မကြီးကိုတော့ သူဖျောင်းဖျ ပြောဆိုလို့ ရတဲ့ အကြောင်း၊ တက်သစ်စ အပျံမလေး စာရင်းမရှင်းရဲတဲ့ အကြောင်း စုံလို့ပါပဲဗျာ။

ကိုယ့်ကိုယ်ကို အစိုးရလို့ ကြွေးကြော်ပြီး ဒုက္ခသည်စာရင်းသွင်းကာ အနောက်အရပ်ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ပြည်ပြေးများမှာတော့ လိုင်းပေါ်တက် ငွေရှာလိုက်ကြ၊ ရန်ဖြစ်လိုက်ကြ၊ မီဒီယာမှာ ပေါက်ကရ ပေါက်ပန်းစေ တက်ပြောလိုက်ကြ သာသာယာယာပါပဲဗျာ။

သူတို့တွေ သာယာနိုင်ဖို့ လှည်းကြိုးထမ်းနေသူတွေကတော့ PDF, KNU, KNLA, KIA ပေါ့ဗျာ။ ခေါင်းစဉ်ကတော့ တော်လှန်ရေးတဲ့။ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး တပ်မတော်ကို မတော်လှန်ရဲတဲ့ အခါကြတော့ တွေ့ရာ မြင်ရာသတ်။ ဒလန်၊ ပျူစောထီးလို့ ခေါင်းစဉ်တပ်ပြီး ပြည်ဖျက်မီဒီယာတွေထံ ပို့ပြီး ငွေတောင်းခံရတယ်။ ဒီလိုနဲ့ သူတို့ဟာ တော်လှန်ရေးသမား မဟုတ်တော့ဘဲ အကြမ်းဖက်သမား၊ သူခိုး၊ ဓားပြ ဘဝ ရောက်လာခဲ့ရပါတယ်။ 

အခုကတော့ ငါးနဲ့ ဖား ကွဲကွဲပြားပြား ဖြစ်သွားပါပြီ။ ပြည်ပြေး ဝရမ်းပြေးတွေ CRPH, NUG ဆိုတာကို ဘယ်နိုင်ငံကမှ အသိအမှတ် ပြုမထားဘူး။ သူတို့ဟာ သူတို့ ပြေးချင်တဲ့ နိုင်ငံကို တကွဲတပြား ကိုယ်လွတ်ရုန်းပြီး ပြေးကြတာပါပဲ။ သူတို့ရဲ့ ရုံးခန်းဆိုတာလည်း မည်ကာမတ္တ လူကြားကောင်းအောင် မီဒီယာက တင်ပေးတဲ့သဘောပါ။ CRPH, NUG ကို ထောက်ခံတဲ့ သူတွေ ခမျာမှာတော့ ဘယ်လောက်တောင် နွားကျလေသလဲ မပြောချင်တော့ပါဘူး။ PDF ခေါင်းဆောင်တစ်ဦးက အချင်းချင်း နှိပ်စက်ညှဉ်ပမ်းနေလို့ NUG ကို တိုင်သတဲ့။ NUG က မရှင်းပေးတဲ့အတွက် လေလှိုင်းပေါ်က ဖွင့်ချလိုက်သတဲ့။ အကြမ်းဖက်အဖွဲ့ကို ထောက်ခံသူအချင်းချင်း မလုပ်သင့်တာ မလုပ်ကြနဲ့ပေါ့နော်။ သူတို့ အကြမ်းဖက်အဖွဲ့ကို ထောက်ခံ ပါတယ်ဆိုကာမှ သူတို့က ပြန်နှိပ်စက်နေတယ်ဆိုတော့ ဖွင့်ချပြီပေါ့ဗျာ။

CRPH, NUG က အကြမ်းဖက်ဦးဆောင်သူတွေက ကိုယ်လွတ်ရုန်းပြီး ဒုက္ခသည်စာရင်းသွင်းပြီး ပြည်ပထွက်ပြေး၊ အဓိက ထောက်ပို့တွေက လိုင်းပေါ်မှာ ရန်သတ်နေကြ။ တောတွင်းက PDF လေးတွေမှာ စားရေး၊ ဝတ်ရေးက အဆင်မပြေဖြစ်လာတော့ သူခိုး၊ ဓားပြဘွဲ့ကို ကျေကျေနပ်နပ်ကြီး ခံယူပြီး တွေ့ရာမြင်ရာ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက်ပြီး ငွေတောင်း၊ ပြီးတော့ လူကို သတ်ဖြတ်။ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ရုံနဲ့ မလုံလောက်တော့တဲ့အခါကြတော့ ဘုန်းတော်ကြီးကျောင်းတွေ ဝင်စီးပြီး သံဃာတော်တွေကို သတ်ဖြတ်၊ ငွေနဲ့ ရှိတဲ့ပစ္စည်း ယူပြေးတဲ့ အကြမ်းဖက်သမား အကြီစားတွေ ဖြစ်လာကြတယ်။

CRPH, NUG အဖွဲ့ လူတွေဆိုတာကတော့ အစကတည်းက ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ သဘောနဲ့ ပြည်ပကို အလွတ်ပြေးပြီး ဆူပူအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့ လှုံ့ဆော်ခဲ့ကြတာပဲဗျာ။ PDF အဖွဲ့က အပြစ်မဲ့ ရဟန်းရှင်လူတွေကို သတ်ဖြတ်နေရင် အားရဝမ်းသာ ရေးသားဖော်ပြကြမယ်။ လုံခြုံရေးတာဝန်ရှိသူတွေက နှိမ်နင်းလို့ PDF တွေ သေသွားရင်တော့ မသိချင်ယောင် ဆောင်နေမယ်။ CRPH, NUG အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံအားပေးပြီး အကြမ်းဖက်သမား ဖြစ်သွားတဲ့ သူတွေမှာလည်း စုပ်လည်းစူး၊ စားလည်းရူး မေ့အတွေကမ္ဘာဆိုတဲ့ သီချင်းလေးထဲကလိုပါပဲ ခင်တွယ်လို့လည်း မဟုတ်ဘူး ရင်နာနာနဲ့ပါ ဆိုသလို တာဝန်ခံမှု တာဝန်ယူမှု ဘာဆို ဘာမှ မရှိတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေကို ဆက်လက်ထောက်ခံအားပေးနေကြတုန်းပါပဲဗျာ။

နစက အစိုးရကြီးက မေတ္တာတရားရှေ့ထားပြီး အကျဉ်းထောင်ကလွှတ်ပေးလို့လည်း ကျေးဇူးတင်ကြောင်း မပြောရဲဘူး။ အမှုတွေ ရုပ်သိမ်းပေးလို့လည်း ကျေးဇူးတင်စကား မဆိုရဲဘူး။ CRPH, NUG, PDF အကြမ်းဖက်သမားတွေကို ကြောက်တာမှ တုန်လို့။ ဦးဝင်တင် ပြောခဲ့သလိုပါပဲ "မင်းတို့နိုင်ငံရေးက ပျက်မှာပဲ၊ ကျေးဇူးရှိသူကို ကျေးဇူးရှင်လို့ မပြောရဲ ကြဘူး" တဲ့လေဗျာ။ ဦးဝင်းတင်ကြီးကို လွတ်ငြိမ်းပေးခဲ့တာလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာပါပဲ။ သူလည်း ကျေးဇူးတင်စကား ပြောမသွားရှာပါဘူး။ အပျံမနဲ့ အိုင်းရင်းရန်ပွဲ၊ Global Townhall မှာ အရာသွင်းမခံရတဲ့ NUG၊ အမေရိကန်အစိုးရက NUG ရုံးဖွင့်တာကို အသိအမှတ်ပြုပေးမထားပါဘူးဆိုတဲ့ သတင်းစကားတွေကတော့ ပြည်သူတွေ အနေနဲ့ CRPH, NUG ဆိုတာ ဘာသောက်ဆင့်ရှိသလဲ ကွဲကွဲပြားပြား သိစေနိုင်တဲ့အချက်တွေပါပဲ။ သို့ပေသော် CRPH, NUG  အကြမ်းဖက်အဖွဲ့က ပုဂ္ဂိုလ်ကြီးများ ရပ်ဝေးမြေခြားမှာ အလှူငွေများများ ရှာနိုင်ဖို့ သူခိုး၊ ဓားပြဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးကို ကျေကျေနပ်နပ်ကြီး ခံယူပြီး PDF အကြမ်းဖက်သမားလေးများက ရင်နာနာနဲ့ ဆက်လက်ဆိုးသွမ်း မိုက်မဲပြနေတုန်းပါပဲလို့။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)