မုံရွာမြို့၌ စားသုံးဆီများကို သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအလိုက် ပြည်သူများ လက်ဝယ်အရောက် လှည့်လည်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၌ စားသုံးဆီများကို သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအလိုက် ပြည်သူများ လက်ဝယ်အရောက် လှည့်လည်ရောင်းချပေး



MNP - နိုဝင်ဘာ   ၃


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ရည်ရွယ်လျက် စနစ်တကျ ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခြင်းလုပ်ငန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ဩဂုတ်လ၂၉ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ စားသုံးဆီတန်ချိန်၁၀၀ ကျော်ကို မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများထံ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရပါသည်။


ခရိုင်စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားသုံးဆီများကို ဆက်လက်ဖြန့်ဖြူးရောင်းချလျက်ရှိရာ သတ်မှတ်နိုဝင်ဘာလ ၂ ရက်နေ့က ဈေးကား (၂)စီးဖြင့် မုံရွာမြို့စက်မှုဇုန်ရပ်ကွက်နှင့် နတ်လူထိပ်ပန် ရပ်ကွက်များသို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အောက်တိုဘာလ (၃၁) ရက်မှ နိုဝင်ဘာလ (၇) ရက်နေ့အထိထုတ်ပြန်သော အခြေခံလက်ကားရည်ညွှန်းဈေးအပေါ် မူတည်၍ စားအုန်းဆီ(၁)ပိဿာလျှင် (၄၆၅၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာ နှုန်း ရောင်းချဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။


"မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဦးစီးပြီး အစိုးရရုံးဖွင့်ရက်များအတိုင်း နေ့စဉ်ရောင်းချပေးလျက်ရှိပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တစ်ရက်လျှင် ဈေးကား (၂)စီးဖြင့် စားသုံးဆီတန်ချိန် (၁၀၀)ကျော်ကို မုံရွာမြို့ပေါ်ရှိ ရပ်ကွက်‌တွေဖြစ်တဲ့ အောင်မင်္ဂလာရပ်ကွက်၊ ဆူးလေကုန်းရပ်ကွက်၊ ရတနာပုံရပ်ကွက်၊ ထန်းတောရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ မြဝတီရပ်ကွက်၊ ဘုန်းစိုးရပ်ကွက် စသည့် မြို့‌ပေါ်ရပ်ကွက်များအပြင် ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေး၊ မန်ကျည်းပင်ဈေး၊ အလုံဈေးနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဝန်ထမ်းများနေထိုင်ရာ အိုးအိမ်ဝန်ထမ်း အိမ်ရာများကိုပါ လှည့်လည် ရောင်းချပေးခဲ့ပါတယ်။ ရောင်းချရာမှာ အပတ်စဉ်ထွက်ရှိတဲ့ ရည်ညွှန်းဈေးအပေါ် ၂ % အမြတ်ထက်မပိုသော ဈေးနှုန်းများနဲ့ ရပ်ကွက်နေရာအစုံ လှည့်လည်ရောင်းချပေးခဲ့ဝာ ဖြစါပါတယ်" ဟု မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။


မုံရွာမြို့ ယခုလက်ရှိတွင် စားအုန်းဆီ (၁)ပိဿာလျှင် (၄၆၅၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် တစ်ပိဿာနှုန်း ရောင်းချဖြန့်ဖြူးပေးလျက်ရှိပြီး လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စနစ်တကျတန်းစီ၍ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြပြီး စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)