ဝါးခယ်မမြို့ ရှေ့ဟောင်းသမိုင်းဝင် သောကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး စိန်ဖူးတော်၏ အထွဋ်တော်တင်လှူ ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့ ရှေ့ဟောင်းသမိုင်းဝင် သောကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး စိန်ဖူးတော်၏ အထွဋ်တော်တင်လှူ ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စံပြရွာသစ်ကျေးရွာအုပ်စုတွင် တည်ထား ကိုးကွယ်လျက်ရှိသော ရှေ့ဟောင်းသမိုင်းဝင် သောကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး စိန်ဖူးတော်၏ အထွဋ်တော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


ဝါးခယ်မမြို့နယ် စံပြရွာသစ်ကျေးရွာအုပ်စုရှိ ရှေ့ဟောင်းသမိုင်းဝင် သောကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး စိန်ဖူးအထွဋ်‌တော် သလင်းကျောက်မှာ  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင်  မြေခခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် မြို့သူမြို့သားများက ဩဝါဒါစရိယဆရာ‌တော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ  အသစ်တဖန်ပြန်လည် တင်လှူပူဇော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ သာသနာတော်နှစ် ၂၅၆၆ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက် ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီခွဲအချိန်တွင် ရတနာစိန်ဖူးတော်အား လက်ယာရစ်ပင့်ဆောင်စဉ် ဇယဓက္ကောအောင်ဂါထာ ရွတ်ဖက်ပူဇော်ပြီး ရတနာစိန်ဖူးတော်မြတ်ကြီးအား တင်လှူပူဇော်ခြင်း၊ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ အနုမောဒနာ တရားနာယူကြည်ညိုခြင်း၊ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများဆပ်ကပ် လှူဒါန်းခြင်း၊ ရေစက်ချအနုမောဒနာ တရားနာယူကြည်ညိုခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနားသို့ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်းများနှင့် ပြည်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - ဟိန်းထက်လင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)