MNP ၊ နိုဝင်ဘာ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရမည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်၌ ရပ်ကွက်/ကျေးရွာများသို့ ယမန်နေ့ညနေ ၄ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက မိမိတို့ရပ်ရွာဒေသ ၊ နယ်မြေဒေသလုံခြုံရေး ၊အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသောလုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေဖော်သူက နယ်မြေအေးချမ်းသာယာရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိန်က မူးယစ်ဆေးဝါးကင်းစင်ရေး ၊ယာဉ်အန္တရာယ် ကင်းရှင်းရေး ၊မှုခင်းကျဆင်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊မြို့နယ်စည်ပင် သာယာရေးအဖွဲ့စသည့် ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအလိုက်ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ အသီးသီးချပြ ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment