ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ပြုလုပ်

 

17

MNP - နိုဝင်ဘာ  ၂၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲနှင့်  လူကုန်ကူးမှု အန္တရာယ်ကင်းဝေးရေး အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အသိပညာပေး ဟောပြောရာတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပ စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော  အတွေးအခေါ် အမြော်အမြင်များ ရရှိစေရန်၊ အားလပ်ချိန်ကို  အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို  ဗဟုသုတတိုးပွားစေရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးပုံစံများအကြောင်း၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများ၊ လူတိုင်းသတိပြုရမည့် အချက်များ သိရှိရန်လိုအပ်ကြောင်း ယခုလို ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှု အန္တရာယ်ကင်းဝေးရေး နံရံကပ်စာစောင်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကို ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ  ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်လေးနွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages