နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ လွယ်ခမ်းကျေးရွာသားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီးကျောင်းတွင် ကထိန်အလှူတော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ လွယ်ခမ်းကျေးရွာသားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီးကျောင်းတွင် ကထိန်အလှူတော်ပွဲကျင်းပ

 



MNP - နိုဝင်ဘာ   ၄


ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ လွယ်ခမ်းကျေးရွာ သားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီး‌ကျောင်းတွင် ဦးထွန်းရင်(A.T.E.O)+ဒေါ်တင်တင်ဌေး (မူအုပ်-အမက၆)မိသားစုနှင့် ဦးသန်းမောင်+ဒေါ်လှဝင်း(မူအုပ်-အမက၄)မိသားစုတို့မှ “မ”တည်၍ အလင်းရောင်(ပညာရေး)အဖွဲ့၊ ငွန်ဆိုင်းကျေးရွာသူ/ရွာသားများ၊ လွယ်ခမ်းကျေးရွာသူ/ ရွာသားတို့က စုပေါင်းဘုံကထိန်ခင်းကျင်း လှူဒါန်းခဲ့ကြသည်။


အဆိုပါ ကထိန်အလှူတော်ပွဲကို သားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီးကျောင်းသို့ ပဒေသာပင်များ(၃)ကြိမ်လှည့်ပတ်ပြီး ပညာရေးမိသားစုနှင့်ဝန်ထမ်းများ၊ ကျေးရွာသူ/ရွာသားများဖိတ်ကြားထားသော ဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး သားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီးကျောင်းတိုက်၊ ကျောင်းတိုက်ပဓာန နာယကဆရာတော်ထံမှ ကထိန်အနုမောဒနာတရားတော်နာယူ၍ ကထိန်အလှူတော်အတွက်၏ ပစ္စည်နှင့်လှူဖွယ်ဝတ္ထုငွေ စုစုပေါင်း(၈၅၇၆၈၀၀/-)လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော်များအားနေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)