ဒေသတွင်း ငါးစားသုံးမှုဖုံလုံရေးနှင့် ရေချိုငါးသားပေါက်များ တိုးပွားစေရေးအတွက် (မေယုမြစ်ဖျား) သဘာဝရေပြင်အတွင်းသို့ ရေချိုငါးသားပေါက်ကောင်ရေ ( လေးသိန်း) စိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတွင်း ငါးစားသုံးမှုဖုံလုံရေးနှင့် ရေချိုငါးသားပေါက်များ တိုးပွားစေရေးအတွက် (မေယုမြစ်ဖျား) သဘာဝရေပြင်အတွင်းသို့ ရေချိုငါးသားပေါက်ကောင်ရေ ( လေးသိန်း) စိုက်ထည့်



MNP - နိုဝင်ဘာ  ၂၅


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်စေရေးနှင့် ဝင်ငွေရရှိစေရေးတို့အတွက် မေယုမြစ်ဖျား သဘာဝရေပြင်အတွင်းသို့ နှစ်စဉ် ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မျိုးပွားရာသီအတွက် ငါးမျိုးစိုက်ထည့်ပွဲ ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျား သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့် အခမ်းအနားကို ကိုဗစ်-၁၉ ညွန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းက ငါးမျိုးများစိုက်ထည့်ရခြင်းနှင့် စပ်လျက်၍ ရှင်းလင်းပြောကြားပြီး ငါးသားပေါက်များကို (မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကော်မတီ)ထံသို့ အသီးသီး ပေးအပ်ခဲ့ရာ အခမ်းအနား တက်ရောက်လာကြသူများမှ လက်ခံရယူခဲ့ကြသည်။


ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ဘူးသီးတောင်မြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်၊ အမှတ်(၃၇၈) အမြောက်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကြည့်ခန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကော်မတီများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မေယုမြစ်ဖျား သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်များကို တပျော်တပါး စိုက်ထည့်ခဲ့ကြပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။


ယနေ့ပြုလုပ်သည့် ငါးသားပေါက်လွှတ်ပွဲတွင် ငါးမြစ်ချင်း ၂ လက်မ အရွယ်အစား( တစ်သိန်းငါးသောင်း)ကောင်ရေနှင့် ထိုင်းငါးခုံမကြီး ၂ လက်မ အရွယ်အစား (နှစ်သိန်း ငါးသောင်း)  ကောင်ရေ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (လေးသိန်း) ရှိကြောင်း ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းထံမှ သိရသည်။


အဆိုပါ ငါးလွှတ်ပွဲသို့ ဘူးသီးတောင်မြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ အမှတ် (၃၇၈) အမြောက် တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးကြည့်ခန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကော်မတီများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)