ပေါင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်


MNP ၊ နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် အတွင်းရှိ ဌာန အသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီးအသိပညာဗဟုသုတများတိုးပွားစေရအတွက်ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့မွန်းလွဲပိုင်းတွင် မိုဘိုင်းစနစ်ဖြစ် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကိုလိုက်လံဆောင်ရွက်ခဲ့ကြသည်။


မိုဘိုင်းစာကြည့်တိုက်ဆောင်ရွက်ရာတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှဝန်ထမ်းများကပေါင်မြို့နယ် အတွင်းရှိသမဝါယမဦးစီးဌာန ရုံးနှင့် သမအသင်းစုရုံးသို့သွားရောက်၍ ဝန်ထမ်းများအား သုတ/ရသ စာအုပ် စာစောင်များငှားရမ်းပေးခြင်းပြန်လည်အပ်နှံသည့်စာအုပ်များသိမ်းဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


ပေါင်မြို့နယ် အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်း မရှိသူများအတွက် မိုဘိုင်းစနစ်ဖြစ် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ စဉ်ဆက်မပြတ်အပတ်စဉ် ပုံမှန်ဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)