ကျောက်ဆည်မြို့နယ်တွင် (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းကပ်လှူခြင်း၊ စာရေတံ မဲဖောက်ခြင်း၊ ရေစက်ချ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းကပ်လှူခြင်း၊ စာရေတံ မဲဖောက်ခြင်း၊ ရေစက်ချ အခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ  စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူခြင်း၊ စာရေတံမဲဖောက်ခြင်း၊ ရေစက်ချအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁) နာရီက  ဖောင်ရွာရပ်ကွက် နေလသုခဓမ္မာရုံတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး မင်းကုန်းမဟာစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဇနိတာဘိဝံသ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇျ္စာယ် ချီမြှင့် တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များအား နာယူကြည်ညိုခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ပြီး မဟာဝိသုဓာရာမ(ဆူးကုန်း)ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္ဒခေမိန္ဒာစာရ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)မှ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းမှုအား ဓမ္မဝိနယနှင့်အညီဆောင်ရွက်ပေးတော်မူရန် လျောက်ထားကာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်ကြီးများထံသို့ ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊ ရွှေစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ ဘဒ္ဒန္တပညာသာမိ (ဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်မှ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်မှုများနှင့် ပတ်သတ်၍ ရှင်းလင်းမိန့်ကြားပြီး မင်းကုန်းမဟာစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဇနိတာဘိဝံသ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာနှင့်ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြကြောင်းနှင့် ဉာတ်မကြီးပဒေသာပင်အား ကထိန်အလှူခံရရှိသော တံစိုးကျေးရွာ ရွာဦးကျောင်းဆရာတော် ထံကပ်လှူခဲ့ပြီး ပင့်သံဃာတော်များအား ပဒေသာပင်များ မဲဖောက်ဆက်ကပ်ခဲ့ကြောင်း သိရသည်။


ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲ၌ ဉာတ်မကြီးပဒေသာပင်အပါအဝင် စုစုပေါင်း ပဒေသာပင်(၅၆)ပင်တွင် ငွေသားတန်ဖိုး(၂၃၁၉၇၈၀၀)ကျပ်နှင့် ပစ္စည်းတန်ဖိုး(၁၂၀၇၆၂၀၀)ကျပ်၊ စုစုပေါင်း (၃၅၂၇၄၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)