ငါန်းဇွန်မြို့၌ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့၌ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်းဖွင့်လှစ်

 


MNP - နိုဝင်ဘာ  ၁၅


မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်း (အခမဲ့) သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်နောင်ဦးက မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနှင့် သတိပြုရမည့်အချက်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ ဝန်ထမ်း (၁၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)