ရသေ့တောင်မြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးများအားပုံမှန်ကာ ကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးများအားပုံမှန်ကာ ကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၂

ရခိုင်ပြည်နယ်၊စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့၌မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊မိခင်နှင့်ကလေးကျန်းမာ ရေးဌာနတွင်မြို့ပေါ်ရပ်ကွက်များအ တွင်းရှိ ကလေးငယ်များအားမွေးစမှအသက်တစ်နှစ်အောက်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကိုယနေ့နံနက် ၁၀နာရီအချိန်စတင်၍ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


 အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက် ကျွေးခြင်းများဆောင်ရွက်ရာတွင် မွေးစမှအသက်တ(၂)နှစ်အောက် ကလေးများအားဘီစီဂျီ ၊ ပိုလီယို၊ဆုံဆို့-ကြက်ညှာ -မေးခိုင် - အသည်းရောင် အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ဝက်သက် -ဂျိုက်သိုးစသည့် ကာကွယ် ဆေးများကို မွေးစ၊ အသက်(၂)လ၊ အသက်(၄) လ၊အသက်(၆)လ၊ အသက် (၉)လနှင့်အသက်တစ်နှစ်အထိကလေးငယ်များအားသတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ ကျေးရွာများသို့ကွင်းဆင်း၍အကြိမ်ရေအလိုက် ကျန်း မာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)