MNP - နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းကျန်များအကြောင်းကို အ.ထ.က(မိုင်းယောင်း)၌ ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည် များကိုလည်းကောင်း၊ တပ်ဖွဲ့ဝင် ဒေါ်နန်းကိန်ခိုင်က အသိပညာပေးဗီနိုင်းပိုစတာများဖြင့် ဆောင်ရန်ရှောင်ရန်အချက်များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ ကြသည်။
ထို့နောက် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းကျန်များဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment