မိုင်းယန်းမြို့၌ (၂၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့၌ (၂၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ



MNP - နိုဝင်ဘာ  ၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့တွင် (၂၁)ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များ စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၇ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များအား မိုင်းယန်းမြို့၊ မြို့နယ်အားကစားခန်းမရှေ့မှစတင်၍ မြို့မဈေး တစ်ပတ်လှည့်လည်ပြီး ဝိန်းလိတ်ရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒဓဇ သာသနတက္ကသီဓမ္မာစရိယ၊ သဒ္ဒမ္မဇောတိကဓဇနှင့် ပင့်သံဃာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များတို့က ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ ကထိန်တရားတော်နာယူကာ ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ယခု စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ဒေသခံစေတနာရှင်ပြည်သူများ ပါဝင်လှူဒါန်း ထားသည် ပဒေသာပင်စုစုပေါင်း(၂၁)ပင်၊ ပစ္စည်းတန်ဖိုး (၅၀၂၄၀၀၀)၊ ငွေသားတန်ဖိုး (၉၅၂၂၅၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၄၅၄၆၅၀၀) ကျပ်အား မိုင်းယန်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၈)ကျောင်းသို့  စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - ခွန်ရဲထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)