ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော ပြည်နယ် လက်‌ရွေးစင်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော ပြည်နယ် လက်‌ရွေးစင်ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်


 

MNP - နိုဝင်ဘာ   ၆


၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော အောင်ပွဲရ ကချင်ပြည်နယ် လက်ရွေးစင် ဘောလုံးအသင်းအား ပြည်နယ်အစိုးရအဖွဲ့မှ ယမန်နေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ ဒုတိယဆု ရရှိခဲ့သော ကချင်ပြည်နယ် ဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ အသင်းနည်းပြ နှင့်အားကစားသမားများအား  ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တာဝန်ရှိသူများနှင့် ရိုးရာအကအဖွဲ့များက မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များက မြို့တော်ခန်းမရှေ့တွင် ပန်းကုံးများ၊ ပန်းစီးများဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ 


ထို့နောက် မြို့တော်ခန်းမအတွင်း၌ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ ဒုတိယဆုရ ကချင်ပြည်နယ် လက်ရွေးစင်ဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။  


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ကချင်ပြည်နယ်၏ ဂုဏ်ကို ဘောလုံး အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည့် အသက်(၁၆) နှစ်အောက် ကချင်ပြည်နယ် ဘောလုံး အသင်း၏ စွမ်းဆောင်နိုင်မှုများကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ယူသလို ယခုရရှိ ထားသည့် အောင်မြင်မှုများတွင် ရပ်တန့်မနေဘဲ နောင်လာမည့် ပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမို အောင်မြင်အောင် စွမ်းဆောင်ပြီး ပြည်နယ်၏ဂုဏ်ကို ဆထက်တိုး၍ မြှင့်တင်နိုင်ကြပါစေကြောင်း ဂုဏ်ပြု ပြောကြားသည်။


ထို့နောက် အောင်ပွဲရအသက်(၁၆)နှစ်အောက် ကချင်ပြည်နယ်ဘောလုံးအသင်းမှ နည်းပြချုပ် ဦးထက်နောင်က ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့်အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းတို့က  ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၆)နှစ် အောက်(အမျိုးသား)ဘောလုံးအသင်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၅ သိန်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၅ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်ကြည်လင်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး နောက်တန်း ကစားသမားဆုရရှိခဲ့သော မောင်မင်းထက်ဇော်အား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၃ သိန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁  သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ အောင်ပွဲရ ပြည်နယ်ဘောလုံးအသင်းမှ ကစားသမားအား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံး အားကစားသမားများ၊ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)