ပန်းတောင်းမြို့နယ်အတွင်း ရုတ်တရက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်အတွင်း ရုတ်တရက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်

 



MNP - နိုဝင်ဘာ   ၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ပြင်ကြီးကျေးရွာတွင် အောက်တိုဘာ ၃၁ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်အုံး တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးမှာအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ထောင်စုတစ်စုမှ လူနေအိမ် (၁)လုံးအတွက်အိမ်ဆောက်ပစ္စည်း တန်ဖိုး (၃၀၀၀၀)ကျပ်နှင့် အိမ်ထောင်စုတစ်စုမှ ဘေးသင့်လူဦးရေနှစ်ဦးအတွက် ဆန်ရိက္ခာဖိုးကျပ် (၄၂၀၀) စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၄၂၀၀) ကျပ်ကိုဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်နှင့် တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)