MNP - နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နည်းပညာတက္ကသိုလ်(ထားဝယ်)၏၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်ရ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (ထားဝယ်)ခန်းမကျင်းပသည်။
အခမ်အနားတွင် နည်းပညာတက္ကသိုလ် ထားဝယ်ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးနည်းပညာတက္ကသိုလ်(ထားဝယ်)တွင် အင်ဂျင်နီယာပညာရပ်များကို လေ့လာသင်ယူဆည်းပူးခွင့်ရသော ပထမနှစ်ဝင်ခွင့်ရကျောင်းသား/သူ များအား အမိတက္ကသိုလ်ကြီး ကိုယ်စား ဆရာ/မများပညာရေးဝန်ထမ်းများကိုယ်စား တက်ရောက်ဆဲကျောင်းသား/သူများကိုယ်စား နွေးထွေးပျူငှာစွာ ကြိုဆိုနူတ်ခွန်းဆက်သကြောင်း၊ ပညာသင်ယူခွင့်ရသော ကျောင်းသား/သူများနှင့် ဝင်ခွင့်ရကျောင်းသား/သူများအားလုံးကို တက္ကသိုလ်မှ အစစအရာရာ ဂရုတစိုက်ဆောင်ရွက်ပေးမည့် အကြောင်းရှင်းလင်းပြောကြားသည်။
နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် လက်ရှိကျောင်းသားဦးရေ(၇၃၀)ဦး ဖြစ်ပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဝင်ခွင့်ရ(၁၆)ဦး ရှိ၍ ကျောင်း သား/သူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ အထောက် အကူပြု လုပ်ငန်းကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment