သံတောင်ကြီးမြို့နယ် ထီးသူစောအထက်ကျေးရွာ၌‌ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ထီးသူစောအထက်ကျေးရွာ၌‌ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်



MNP - နိုဝင်ဘာ   ၄


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာအုပ်စု(၉)အုပ်စုအား ယနေ့နံနက်(၉)နာရီအချိန်က ထီးသူစော အထက်ကျေးရွာ ဘုရားကျောင်းခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက စီမံကိန်းမူဘောင်များ၊ ငွေ စာရင်းထိန်းသိမ်းနည်းများ၊ မြစိမ်းရောင်ကော်မတီဖွဲ့စည်းရာ တွင်လိုက်နာရမည့်စည်းကမ်းချက်များ၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးသည်၊၊


ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာကော်မတီများအား ငွေစာရင်းထိန်းသိမ်းနည်းနှင့် သုံးစွဲရေးအစီအစဉ်နှင့် ပတ်သက်သည့် သင်ခန်းစာများအား ဆွေးနွေးပို့ချခဲ့သည်။


သတင်း - စောမင်းသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)