ရွှေကျင်မြို့နယ်၌ အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် ရည်ရွယ်၍ သံကူကွန်ကရစ် တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်၌ အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် ရည်ရွယ်၍ သံကူကွန်ကရစ် တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး


MNP ၊ နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၌ အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် ရည်ရွယ်၍ သံကူကွန်ကရစ်တံတား တစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင် မြို့နယ်၊ ညောင်အိုင်ကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် ကျောက်တန်း-ညောင်အိုင်ကျေးရွာသွား လမ်းပေါ်ရှိ အလျား ၄၄၀ ပေ၊ အကျယ် ၂၀ ပေခန့်ရှိသည့် သံကူကွန်ကရစ် အမျိုးအစား ညောင်အိုင်ချောင်းကူး တံတားအား အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါတံတားတွင် မိုင်းပေါက်ကွဲမှုကြောင့် ကျောက်တန်း ကျေးရွာဘက်ခြမ်းမှ တံတား ၆၀ ပေခန့်တွင် ဝဲဘက်ကြမ်းခင်း ၄ ပေပတ်လည်ခန့်၊ တံတား လက်ရမ်းတိုင် ၃ တိုင်နှင့် တံတား ထောက်တိုင်အမှတ် P-10 အပေါ်ရှိ သံဘောင်ပျက်စီးနေသည်ကို တွေ့ရှိရပြီး မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများ ပြတ်တောက်မှု မရှိကြောင်းနှင့် တာဝန်ရှိသူများက တံတားအား ပြန်လည် ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ အများပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန် ဆောက်လုပ်ထားသည့် သံကူကွန်ကရစ်ချောင်းကူး တံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)