တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ မြေငှားရမ်းခြင်း ဆိုင်ရာ သဘောတူစာချုပ်(မူကြမ်း) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ မြေငှားရမ်းခြင်း ဆိုင်ရာ သဘောတူစာချုပ်(မူကြမ်း) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

 


MNP - နိုဝင်ဘာ  ၂


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ မြေငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်(မူကြမ်း) စိစစ်ရေးနှင့် မြိတ်မြို့နိုင်ငံတကာ အဆင့်မီအပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးနှင့်စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ လေ့လာစမ်းသပ်ဆောင် ရွက်ခြင်းဆိုင်ရာ နားလည်မှု မှတ်တမ်း F.S ( MOU )(မူကြမ်း)တို့အား စိစစ်ရေးကော်မတီနှင့် စိစစ်သည့်အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့် ငါးလေလံဈေးသည် မြိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်ပြီး အရေးကြီးသောစီမံကိန်း တစ်ခုဖြစ်ကြောင်း၊ မြိတ်မြို့တွင်ရေချိုရှား ပါးသောဒေသတစ်ခုဖြစ်သည်အလျှောက် ရေပေးဝေရေးနှင့် ပတ်သက်ပြီးမြိတ်လူထုအနေဖြင့် ရေချိုသည်အရေးကြီးသလို ကုန်ထုတ်လုပ်ငန်းများ၊ အအေးခန်း၊ ရေခဲ စက်များအတွက်ရေချိုသည်မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ကြောင်း၊ ရေပေးဝေရေးအတွက် အမြန် ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားလုပ်ကိုင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ငါးလေလံဈေးသည် ယခင်က လုပ်ကိုင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ငါးလေလံဈေးအနေဖြင့် အမှန်တကယ်မြေပြင်တွင် လုပ်ကိုင်ဆောင်ရွက်သူများနှင့် ငါးလေလံဈေး တည်ဆောက်သူများအကြား နားလည်မှုလွဲနေသောကြောင့် သဘောထားရှင်းလင်းစွာမသိရှိရသည့် အတွက် ပျက်သွားရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မြိတ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီးရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတစ်ခုလုံးဖွံ့ဖြိုး တိုးတက်အောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လို အပ်ကြောင်းပြောကြားသည်။


ထို့နောက် မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်က  မြေငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ် ( Land Lease Agreement )( မူကြမ်း )နှင့်ပတ်သက်၍ လည်းကောင်း မြိတ်ကော်ပို ရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ကမြိတ်မြို့နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါလေလံဈေးနှင့်စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင် စွမ်းရှိ/မရှိလေ့လာစမ်းသပ်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုမှတ်တမ်း F.S (MOU)(မူကြမ်း)နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)