ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 


MNP - နိုဝင်ဘာ   ၁၁


ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများတက် ရောက်ကြသည်။


ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က ဝန်ကြီးဌာန၏ ရည်မှန်းချက်အောင်မြင်ရေးနှင့် ရခိုင်ပြည်နယ်အတွက်ရရှိသော ရန်ပုံငွေများလေလွင့် ဆုံးရှုံးမှုမရှိအောင် အဓိကထားဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း နိုင်ငံအတွက်၊ ပြည်နယ် အတွက် လုပ်ငန်းအားလုံးအပေါ်တွင် စေတနာထားလုပ်ဆောင်ကြရန်နှင့် မျိုးဆက်သစ်လူငယ်များတွက် အင်ဂျင်နီယာများက စေတနာထားကာ အကောင်းဆုံး လုပ်ဆောင်ပေးကြရန် ပြောကြားသည်။


ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးဝင်းမြင့်ဟန်က ၂၀၂၂-၂၀၂၃ ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းတံတားလုပ်ငန်းများ၊၂၀၂၂-၂၀၂၃ ပြည်နယ် (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းတံတားလုပ်ငန်းများ၊ ပြည်နယ် (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်းတံတားလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပြီးစီးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ခရိုင်တာဝန်ခံများက မိမိတို့ခရိုင်အလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)