ရသေ့တောင်မြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင်း ရောဂါကူးစပ်ခံပြည်သူများအတွက် ဂျပန်နိုင်ငံမှလှူဒါန်းသည့်ဆန်များအားစိုက်ပျိုး‌ရေးဦးစီးဌာနမှ‌ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင်း ရောဂါကူးစပ်ခံပြည်သူများအတွက် ဂျပန်နိုင်ငံမှလှူဒါန်းသည့်ဆန်များအားစိုက်ပျိုး‌ရေးဦးစီးဌာနမှ‌ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ






MNP ၊ နိုဝင်ဘာဘာ ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရသေ့တောင်မြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင်း ရောဂါကူးစပ်ခံပြည်သူများအတွက် ဂျပန်နိုင်ငံမှလှူဒါန်းသည့်ဆန်များအားစိုက်ပျိုး‌ရေးဦးစီးဌာနမှ‌ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်( ၁၂)နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းတွင်ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ‌ ထောက်ပံ့‌ ပေးအပ်ပွဲအခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်အဖွင့်အမှာစကားပြောကြားပြီးစိုက်ပျိုး‌ ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးတင်‌မောင်ဝင်းမှဆန်များ‌ထောက်ပံ့ရခြင်းနှင့်ပတ်သက်ရှင်းလင်း ပြောကြေားခဲ့သည်။အခမ်းအနာသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ ကိုဗစ်-၁၉ ဖြစ်ပွားခဲ့သည့်ပြည်သူများနှင့် ကျေးရွာအုပ်ချုပ်‌ ရေးမှူးများတက်ရောက်ခဲ့ကြသည်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင်းကူးစပ်ခံရသည့် ပြည်သူ (၁၅၂)ဦးအတွက်လူတစ်ဦးလျှင်ဆန် (၇)ကီလိုစီဖြင့်ဆန်အိတ်(၂၁.၂၈)အိတ်အားထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)