ပေါင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်






MNP ၊ နိုဝင်ဘာ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောခြင်း စွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်း၊ စာအုပ်စာပေများနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ပေါင်းရပ်ကွက်(ထန်းတော) အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် ရှေးဦးစွာ အမက(ထန်းတော)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဝေဝေမွန်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကိုဆွေးနွေး အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါင်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိခင် က ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ် ခြင်း၏ အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောသည်။


ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများ က ဆုများချီးမြှင့်ပေးခဲ့သည်။


အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးပုံပြင်၊ ကဗျာနှင့် စိတ်ဝင်စားဖွယ်ရာ စာအုပ်စာအုပ်စာ‌ပေများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာ‌စောင်များကိုခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)