ရမ်းဗြဲမြို့ရှေ့ဟောင်းသမိုင်းဝင် တန့်ရှင်ပင်စေတီတော်မြတ်၌ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် ဗုဒ္ဓပူဇေနိယပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့ရှေ့ဟောင်းသမိုင်းဝင် တန့်ရှင်ပင်စေတီတော်မြတ်၌ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် ဗုဒ္ဓပူဇေနိယပွဲတော် ကျင်းပ




MNP ၊   နိုဝင်ဘာ  ၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တည်ဘုရားရှေ့ဟောင်းသမိုင်းဝင်တန့်ရှင်ပင်စေတီတော်မြတ်၌ တန်ဆောင်မီးထွန်းပွဲတော်နှင့် ဗုဒ္ဓပူဇေနိယပွဲတော်ကို တန့်ရှင်ပင်စေတီတော်မြတ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလူငယ်များမှ ဦးဆောင်ပြီး ယမန်နေ့ည ၆ နာရီမှစတင်ပြီးကျင်းပကြသည်။


ထိုသို့ကျင်းပရာတွင် ရှေ့ဟောင်းသမိုင်းဝင် တန့်ရှင်ပင်စေတီတော်သို့တက်ရောက်ရာ လမ်းများနှင့် စေတီတော် ပေါ်သို့ တက်ရောက်ရာလမ်းတစ် လျှောက်တို့တွင် ရောင်မီးအလှများထွန်ညှိပူဇော်ခြင်း စေတီတော်မြတ်၏ ဓမ္မာရုံတွင်ဇမ္ဗူထွန်းအာမခံစိန်ရွှေရတနာရောင်းဝယ်ရေးမိသားစုမှ ရခိုင်မုန့်တီများကို စတုဒီသာကျွေးမွေးခြင်းတို့ဖြင့်ကျင်းပကြရာ မြို့သူမြို့သား ဘုရားဖူးပြည်သူများမှစိတ်အေးချမ်းသာစွာဖြင့် လာရောက်ကြပြီး အလွန်စည်ကားလျက်ရှိသည်။


အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်ကို  ၆-၁၁-၂၀၂၂  ရက်နေ့မှ စတင်ပြီး  ၈-၁၁-၂၀၂၂ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ကျင်းပထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)