ရသေ့တောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များတွင် စေတနာရှင်၊ အလှူရှင်များမှ စတုဒီသာကျွေးမွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များတွင် စေတနာရှင်၊ အလှူရှင်များမှ စတုဒီသာကျွေးမွေးလှူဒါန်း







MNP ၊ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်မြို့ပေါ်ရပ်ကွက်များတွင် ဗုဒ္ဓဘာသာဝင် တို့၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် စေတနာရှင်များ၊ အလှူရှင်များ တစ်ဦးချင်း(သို့)စုပေါင်းပြီး စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းကို ယနေ့တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှစတင်ကာ ရပ်ကွက်အသီးသီးတွင်လှူဒါန်းကြရာ ပျော်ပျော်ပါးပါး လှည့်လည်စားသောက်ကြသူများနှင့် အထူးစည်ကားလျှက်ရှိသည်။

စတုဒီသာကျွေးမွေးကြသောမုန့်များမှာ ရခိုင်မုန့်တီ အာပူလျှာပူ၊ ဆက်နှံ၊ မုန့်လက်သုပ်၊ မုန့်ဟင်းခါးများဖြစ်ကြပြီး ဘုရားဖူးလာရောက်ကြသော ဧည့်သည်များ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ပျော်ပါးပါး လာရောက်စားသောက်ခဲ့ကြကြောင်း သိရှိရပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)