ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၉/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၉/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ   ၁၅


ကိုဗစ်အလွန်ကာလတွင် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၉/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်၏ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသများ၊ နေရာများကို တိုးချဲ့လာနိုင်ခြင်းနှင့်အတူ ခရီးသွားပြည်သူများကို နည်းလမ်းပေါင်းစုံဖြင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးဖို့လိုကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းအောင်မြင်တိုးတက်ရေးအတွက် ယခုအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။


ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာရေး ဖြေလျော့ပေးသင့်သည့်ကိစ္စရပ်များ၊ တိုးချဲ့ပေးသင့်သည့်ခရီးစဉ်ဒေသများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။


ယင်းနောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် (၉/၂၀၂၂)အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုရမည့်ကိစ္စရပ်များအား Power Point အသုံးပြုရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။     


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် Health and Safety Protocol အစီအစဉ်အရ National Level HSP အသိအမှတ်ပြုလက်မှတ်တံဆိပ်အား Online မှလျှောက်ထားရရှိခဲ့သော ဟိုတယ်နှင့်တည်းခိုရိပ်သာ(၈)လုံးအား HSP တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)